Border News Agency
မဲသဝေါ၊ ဧပြီ ၁၄ ။
KNU တပ်မဟာ ၇ နယ်မြေ၊ မဲသဝေါဒေသမှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို မဟာမိတ်ပူးပေါင်းတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF က ဧပြီလ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲကို ABSDF ဗဟိုဌာနချုပ်ကရဲဘော်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ စုပေါင်းဆင်နွှဲခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အခုသိမ်းပိုက်လိုက်တဲ့ကြယ်ပြောင်စခန်းဟာ မဲသဝေါဒေသကစစ်ကော်မရှင်တပ်ရဲ့ ပွိုင့် ၉၂၆ ဗျူဟာကုန်းအတွက် အရေးပါတဲ့ ကာကင်းစခန်းတခုဖြစ်ပါတယ်။
မဲသဝေါဒေသမှာ စစ်ကော်မရှင်တပ်က တပ်စခန်း ၃ ခုရှိပြီး အင်အားရာနဲ့ချီတပ်စွဲထားတာဖြစ်ပေမယ့် အခုတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အသေးစိတ်ထုတ်ပြန်ထားတာမရှိသေးပါဘူး။











