Border News Agency
အိန္ဒိယ၊ မေ ၃၁။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီး ဒေါက်တာဂျိုင်ရှန်ကာ (H.E. Dr. Subrahmanyam Jaishankar)ဟာ မေလ ၃၀ ရက်နေ့က နယူးဒေလီမြို့မှာ တွေ့ခဲ့ကြပါတယ်။
မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံသို့ မေလ ၂၉ ရက်နေ့ကသွားခဲ့တာဖြစ်ပြီး မေလ ၃၀ ရက်နေ့မှာ နယူးဒေလီမြို့သို့ရောက်ရှိကာ အိန္ဒိယပြည်ပရေးရာဝန်ကြီးနဲ့တွေ့ခဲ့တာပါ။
သူတို့ဟာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကုန်သွယ်ရေးကိစ္စတွေကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့လက်နက်ကိုင်ပဋိပက္ခတွေနဲ့စစ်ဘေးရှောင်တွေ အိန္ဒိယနိုင်ငံသို့ထွက်ပြေးနေရတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့အိန္ဒိယခရီးစဉ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံမှုရရှိဖို့နဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။







