Border News Agency
ပလက်ဝ၊ဇူလိုင် ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပလက်ဝမြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့ကစပြီး မြစ်ရေကြီးလာတာကြောင့် ဗုဒ္ဓဂါမ၊မောင်ရွာ၊အလယ်ဒိန်ကင်းနဲ့ နန်းမနူးဟာ နေအိမ်တွေနဲ့ လယ်စပါးခင်းတွေ ပျက်စီးသွားပါတယ်။
အဲဒီဗုဒ္ဓဂါမရွာမှာ အိမ်လေးလုံး ပျက်စီးသွားပြီး အိမ်ခြောက်ဆယ့်ငါးအိမ်ဘေးလွတ်ရာရှောင်နေရပါတယ်။
သူတို့ဟာ သွားလာရခက်ခဲပြီးစားဝတ် နေရေးအဆင်မပြေဖြစ်နေသလို ယာယီတဲဆောက်ဖို့ မိုးကာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြတယ်။













