Border News Agency
ဂွ၊ဇူလိုင် ၁၇။
ဂွမြို့နယ်ကို ဇူလိုင်လ ၁၇ ရက်၊ဒီနေ့ည ၄ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ ဂွမြို့နယ်၊ရွှေရချိုင်ရွာနောက်ဘက် ကမ်းခြေအုန်းခြံထဲကို တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းမှ ဗုံးသုံးလုံးတိုက်ခိုက်ခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ရွှေရချိုင်ရွာ စာသင်ကျောင်းနံရံပျက်စီးသွားခဲ့ပြီး ဒေသခံတဦးရဲ့ နွားမတစ်ကောင်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီ ဂွမြို့၊ကင်းရုံးရပ်ကွက်ကို ဇူလိုင်လ ၁၄ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်သုံးဆယ်ကိုးနှစ်အရွယ် ဦးကျော်သူဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင်လတလတည်းမှာတင် ဂွမြို့နယ်ကို အခုလိုလေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေတာ ဖြစ်ပါတယ်။
အဲဒီလို ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရနေကြသလို နေအိမ်အများအပြားလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။












