Border News Agency
ဘင်္ဂလားဒေ့ရှ်၊ဇူလိုင် ၁၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဘင်ဒရိုဘင်ခရိုင်နယ်စပ်မှာတရားမဝင်ဝင်လာတဲ့ မြန်မာအမျိုးသမီးနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖမ်းဆီးခဲ့ပါတယ်။
သူတို့နဲ့အတူ တရားမဝင်ဝင်ရောက်နိုင်ဖို့ ကူညီပေးတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအမျိုးသားတဦးကိုလည်းအတူဖမ်းဆီးခဲ့တာပါ။
အဲဒီနယ်စပ်မှာဇူလိုင်လ ၁၆ ရက်နေ့က စစ်ဆင်ရေးလုပ်ချိန်ဖမ်းဆီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တာ ဝန်ရှိသူက အတည်ပြုပါတယ်။
အဲဒီနေ့မှာ ရဲစခန်းသို့လွှဲထားပြီးဥပဒေအရဆက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေနေ့တိုင်းရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖမ်းဆီးမှုတွေကို တရားဝင်ထုတ်ပြန်ပါတယ်။






