Border News Agency
ရေနံချောင်း၊ သြဂုတ် ၂၂။
ရေနံချောင်းမြို့နယ်၊ မကျည်းကန်အုပ်စု၊ စမ်းကန်ကြီးကျေးရွာကို သြဂုတ်လ ၂ ၂ ရက်၊ဒီနေ့နေ့လည် ၂ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သက်ကြီးအမျိုးသားတဦးသေဆုံးပြီး ကလေးနှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီအပြင်ဘုရားပုထိုးကျောင်းကန်စေတီတွေ၊ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရေနံချောင်းမြို့နယ်၊ လေးတိုင်စဥ်အုပ်စု၊ လေးတိုင်စဥ်ကျေးရွာကို သြဂုတ်လ ၂၁ ရက်နေ့ည ၁၁ နာရီအချိန်ခန့်ကလည်း စစ်ကော်မရှင်တပ်က လေကြော င်းတိုက်ခိုက်လို့ ပြည်သူနှစ်ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဆေးခန်း၊ မူကြိုကျောင်းလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာလို့ ပြည်သူတွေက ဆိုကြပါတယ်။