Border News Agency
စစ်ကိုင်း၊ သြဂုတ် ၂၇။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရသွားတယ်လို့ ဝက်လက်သတင်းကွန်ရက်မှ သြဂုတ်လ ၂၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်မရှင်တပ်ဟာ ဒီနေ့ ညနေ ၅ နာရီ ၁၆ မိနစ်အချိန်က ဝက်လက်မြို့နယ်၊ အရှေ့တောင်ခြမ်းရုံပင်ကုန်းရွာအနီးတဝိုက်သို့ တံတားဦးလေတက်မှ လေကြောင်းမှလေးကြိမ်ထိတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်လေးဆယ်အရွယ် အမျိုးသားသုံးဦး၊ အသက်ငါးဆယ်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အမျိုးသမီးခြောက်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုအပြီး မတ္တရာမြို့ပေါ်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာတာကြောင့် ပြည်သူတွေအထူးဂရုစိုက်နေထိုင်ကြဖို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။














