Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ဓာတ်ပုံသတင်း ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

စစ်တွေမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်ကြား ပစ်ခတ်မှုတွေရှိနေ

(ဓာတ်ပုံ - စစ်ကော်မရှင်ရေတပ်စစ်သ င်္ဘောကြီး မယူမြစ်ထဲမှာတွေ့ရပုံ / BNA)

(ဓာတ်ပုံ - စစ်ကော်မရှင်ရေတပ်စစ်သ င်္ဘောကြီး မယူမြစ်ထဲမှာတွေ့ရပုံ / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ဩဂုတ် ၂၇။

စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကော်မရှင်တပ်ကြား နှစ်ဖက်ရင်ဆိုင်ပစ်ခတ်နေကြသလို လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာဝန်းကျင်မှာ ဩဂုတ် ၂၆ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့သလို ဒီနေ့မနက်ပိုင်းကလည်း ပစ်ခတ်သံများကြားခဲ့ရတယ်လို့ စစ်တွေမြို့ပေါ်နေသူတွေက ဆိုကြပါတယ်။

“မနေ့ကလည်း လက်နက်ငယ်သံတွေ ကြားတယ်။ လက်နက်ကြီးလည်း ခြော က်ချက်…ခုနှစ်ချက်…ပစ်တယ်..မနေ့က။ ဒီနေ့ကျတော့ လက်နက်ငယ်သံပဲ ကြားရတယ်။လက်နက်ကြီးသံ မကြားသေးဘူး။ အမြင့်ကျွန်းနားမှာ တိုက်ပွဲဖြစ်နေတာပါ။” လို့ စစ်တွေမြို့မှာနေထို င်တဲ့အမျိုးသားတဦးက Border News Agencyကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ မနေ့က မနက် ကိုးနာရီခန့်မှညနေပိုင်းထိ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ပေါက်တောမြို့နယ်ရှိ အရပ်သားတွေနေထိုင်တဲ့လူနေကျေးရွာတွေကို လက်နက်ကြီးတွေပစ်ခတ်နေခဲ့တ ယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာအနီးလယ်ကွင်းပြင်ကို လက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းရွာမှာလည်း လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲလို့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

“စစ်တွေဘက်က လက်နက်ကြီးတွေ ပစ်နေတာ တလလောက်ရှိပြီ။ နေ့တိုင်းတော့မပစ်ဘူး။ ရက်ခြားပြီး ပစ်တယ်။ လေယာဉ်တွေလည်း အရင်ကထက်ဝဲတယ်။ ဒီကလူတွေလည်း တော်တော်ကြောက်လန့်နေရတယ်။” လို့ပေါက်တောမြို့ နယ်မှအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့ပေါ်နဲ့မြို့အနီးပတ်ပတ်လည်ကျေးရွာတွေမှာစစ်စခန်းတွေချထားပြီးစစ်အင်အားတိုးခံစစ်ပြင်ထားတာပါ။

အဲဒီအပြင် စစ်ကော်မရှင်တပ်မိုင်းခွဲဖျက်ဆီးထားတဲ့ အမြင့်ကျွန်းတံတားကိုလည်း ပြန်လည်ပြင်ဆင်ပြီး ခံစစ်အခို င်အမာလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“တံတားနားမှာ တိုက်ပွဲဖြစ်ကြတာပြောတယ်။ဒီဘက်ကိုတိုးလာဖို့လုပ်တာ၊ခံစ စ်ကို ချဲ့ဖို့လုပ်တယ်။AAကလည်း အဲဒါကို ဝင်တိုက်တာ။” လို့ အမြင့်ကျွန်းရွာအနီးဖြစ်နေတဲ့တိုက်ပွဲနဲ့ပက်သက်ပြီးမြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့အနီးပတ်လည်ရှိ ကျေးရွာအားလုံးမှ ပြည်သူတွေကို နှင်ထုတ်၊မြို့ထဲ ပိတ်လှောင်ပြီးအဲဒီရွာတွေမှာ စစ်စခန်းတွေအခိုင်အမာချထားတာပါ။

စစ်တွေမြို့နယ်က ရှေ့တန်းစခန်းတွေမှာ အင်အားဖြည့်တင်းတာတွေ ပိုလုပ်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာတာပါ။

စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့နယ်ပတ်ပတ်လည်ရေပြင်တွေမှာလည်း ရေတပ်စစ်သင်္ဘောတွေအများအပြားဖြည့်ထားပြီး ပစ်ကူစစ်ကူတွေဖြည့်တင်းထားတာမို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ စစ်တွေမြို့နေပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousဝက်လက်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံး
Nextကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ကအရပ်သားနှစ်ဦးသတ်ဖြတ်ပြီး နေအိမ်ခုနှစ်ဆယ်ကျော်မီးရှို့Next
Previous Post

ဝက်လက်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံး

Next Post

ကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ကအရပ်သားနှစ်ဦးသတ်ဖြတ်ပြီး နေအိမ်ခုနှစ်ဆယ်ကျော်မီးရှို့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

Releated Post

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

March 13, 2026

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page