Border News Agency
ကရင်ပြည်၊ သြဂုတ် ၂၈။
ကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်က အရပ်သားနှစ်ဦးကိုလည်လှီးသတ် ဖြတ်ခဲ့ပြီး နေအိမ်ခုနှစ်ဆယ်ခြောက်လုံးမီးရှုံ့ဖျက်စီးခဲ့တယ်လို့ ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်မှ သြဂုတ်လ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကစယ်ဒိုမြို့နယ်တောင်ပျောက်ကျေးရွာအုပ်စုအတွင်းဩဂုတ်လ ၂၅ ရက်နေ့က သရက်ချောင်းမြို့မှစစ်ကြောင်းထိုးလာပြီး စော်ဖျားကျေးရွာရှိအရပ်သားနေအိမ်ခြောက်ဆ ယ်လုံးကို မီးရှုံ့ဖျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မိုးရွှေကုန်းကျေးရွာရှိနေအိ မ်တဆယ့်ငါးလုံးကိုလည်းမီးရှုံ့ဖျက်စီးခဲ့ပြီး ရွာသားနှစ်ဦးကိုလည်း လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။



















