Border News Agency
သပိတ်ကျင်း၊ စက်တင်ဘာ ၇။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြာင်းတိုက်ခိုက်လို့ကလေးတဦးသေဆုံးပြီးကလေးငယ်ငါးဦးအပါအဝင် အရပ်သားခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ စက်တင်ဘာလ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ၇ ရက်၊ ဒီနေ့နေ့လည် ၂ နာရီအချိန်ခန့်သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ကျောက်ဖြူကျေးရွာရှိ စာသင်နေတဲ့အိမ်မှာမှာကျတာကြောင့်ဆယ်နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီးကလေးငယ်ငါးဦးအပါအဝင်အရပ်သားခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာပြည်သူပိုင်နေ အိမ်တွေ၊ ဆေးရုံတွေနဲ့စာသင်ကျောင်းတွေကို မကြာခဏ ဦးတည်တိုက်ခိုက်မှုတာတွေပြုလုပ်နေတာဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ဆိုပါတယ်။

















