Border News Agency
မူး၊ စက်တင်ဘာ ၇။
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံးပြီးတဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မူးမြို့နယ်၊ဖိုးသောင်းစုကျေးရွာကို စက်တင်ဘာလ ၄ ရက်၊ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကော်မရှင်တပ်ရဲ့အမှတ် ၃၅၁ ခြေမြန်တက်ရင်း၊အမှတ် ၆၀ခြေလျင်တပ်ရင်းမှ ၁၂၀ မမနှစ်လုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီိလိုပစ်ခတ်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ်စောရွှေလူ၊ အသက် ၅၀ အရွယ်စောပွေးပွေးသေဆုံးခဲ့ပြီးအသက် ၅၈နှစ်အရွယ်စောခင်လှဒဏ်ရာရသွားကာ နွားနှစ်ကောင်လည်းသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်တာကြောင့် အပြစ်မဲ့ပြည်သူတွေသေဆုံး၊ဒဏ်ရာရနေကြရပြီးနေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဆိုပါတယ်။