မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ
မောင်တောမြို့နယ်မှာ မတ်လ ၁၃ ရက်၊ ဒီနေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ရွှေဇားအနောက်ရွာက အသက်ဆယ့်ရှစ်နှစ်အရွယ် မာမောက်ယာဆိမ့်မှာဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးတဖက်လည်းကွယ်သွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီမာမောက်ယာဆိမ့်ဟာ ဒီနေ့ ...









