Border News Agency
စစ်ကိုင်း၊စက်တင်ဘာ ၂၂။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီးတဆယ့်ခုနှစ်ဦးဒဏ်ရာရရသွားတယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က စက်တင်ဘာလ ၂၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကန့်ဘလူမြို့န ယ်၊ကျီစုရွာကို စက်တင်ဘာလ ၂၂ ရ က်၊ဒီနေ့ မနက် ၁ နာရီ ၂၅ မိနစ်အချိန်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကျီစုရွာမှအသက် ၅၅နှစ်အရွယ်ဒေါ်သန်းအေး သေဆုံးခဲ့ပြီး နောက်ထပ် ၁၇ ဦးထိခိုက်ဒဏ်ရာရသွားသလို နေအိမ်နှစ်လုံး၊ စာသင်ဆောင်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ကျီစုရွာကို အရင်ကလည်းတရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအိမ်ခြေ ၈၇၀ ရှိတဲ့ ကျီစုကျေးရွာကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လနဲ့နိုဝင်ဘာလမှာ နှစ်ကြိမ်ထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၇၀၀ ခန့် မီးလောင်ပြာကျသွားခဲ့သလို ဒေသခံတွေစစ်ဘေးရှောင်နေကြရတယ်လို့လည်းဆိုပါတယ်။