Border News Agency
မကွေး၊မေ ၁၅။
မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၄ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီအလင်းဝင်လာတယ်လို့ မကွေးခရိုင်ပကဖနဲ့ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က မေလ ၁၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီပဲခူးတိုင်းမှာမေလ ၁၁ ရက်နေ့က ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂ မှ သင်တန်းသား ၂ ဦးဟာ လက်နက်မဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ ဆီကို ခိုလှုံလာတာလို့ဆိုပါတယ်။
အဲဒီအပြင် မကွေးတိုင်းဘက်မှာလည်း မကွေးခရိုင် ပကဖ (အာဠာဝက မြို့ပြပြော
က်ကျားတပ်ဖွဲ့) ဆီကို အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၂ ဦးကလက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတပ်သား ၂ ဦးဟာ MA-1 သေနတ်တလက်၊ ကျည်ဘောက် ၆ ဘောက်နဲ့ ကျည် ၁၂၀ တို့ကို ယူလာခဲ့တာလို့ဆိုပါတယ်။












