Border News Agency
ထိုင်း၊ဇွန် ၂၈။
ထိုင်းနိုင်ငံ၊ကန်ချနဘူရီပြည်နယ်၊စန်ခလဘူရီမြို့နယ်မှာ သဘာဝနယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီစန်ခလဘူရီမြို့၊ Nong Lu ကျေးရွာအုပ်စုရှိ စိုက်ခင်းတခုအနီးမှာ ဇွန်လ ၂၇ ရက်၊ ည ၁၁ နာရီခွဲအချိန်က ထိုင်းအာဏာပိုင်တွေ နယ်စပ်ကင်းလှည့်နေချိန် မြန်မာနိုင်ငံသား နိုင်ပီဆောင်အပါအဝင် အထောက်အထားမဲ့ မြန်မာလူငယ် ၁၈ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တာပါ။
သူတို့အားလုံးဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ဖို့ သဘာဝလမ်းကြောင်းအတိုင်း ခိုးဝင်လာကြတာလို့ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။
အဲဒီ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိသူတွေကို တရားမဝင်ဝင်ရောက်နေထိုင်မှု နဲ့ အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဖို့ စန်ခလဘူရီရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့ သိရပါတယ်။















