Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောနယ်စပ်နေပြည်သူတွေ အာရက္ခအစိုးရကို အသိပေးသွားလာကြဖို့ ထပ်မံသတိပေး

(ဓာတ်ပုံ - ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်းရောက် / လူမှုကွန်ရက်)

(ဓာတ်ပုံ - ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်းရောက် / လူမှုကွန်ရက်)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
39
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ အောက်တိုဘာလ ၁။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်မှာ အရပ်သားပြည်သူတွေဟာအာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှသွားလာကြဖို့ အောက်တိုဘာလ ၁ ရက်၊ ဒီနေ့ အာရက္ခတပ်တော်က လုံခြုံရေးအရထပ်မံသတိပေးထားပါတယ်။

အဲဒီမောင်တောနယ်စပ်ရှိ မိဘပြည်သူတွေဟာ တောတောင်ထဲနဲ့ လူပြတ်သောနေရာတွေကို သွားလာကြချိန်မှာ တဦးတည်း(သို့)လူအနည်းစုနဲ့သွားလာကြတာကိုအတတ်နိုင်ဆုံးမပြုလုပ်ကြဖို့လည်း ထပ်မံသတိပေးထားပါတယ်။

အဲဒီမောင်တောနယ်စပ်မှာ ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမယ့်အရေးကြီးကိစ္စတွေရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ် ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှသွားလာကြဖို့ ထပ်မံသတိပေးထားပါတယ်။

အဲဒီမောင်တောနယ်စပ်မှာအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ နတ်မြစ်နဲ့မယူတောင်လမ်းကြောင်းတွေမှတဆင့် ဝင်ရောက်လှုပ်ရှားနေကြပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ လူသူကင်းမဲ့တဲ့တောတောင်တွေ၊လူပြလူပြတ်တဲ့နေရာတွေမှာဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာနေကြတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် ဒေသခံပြည်သူလူထုတွေထဲမှမူဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ပြန်ပေးဆွဲတာ၊သ တ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီမောင်တောနယ်စပ်မှာအစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေဟာ အရပ်သားခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အောက် တိုဘာလ ၁ ရက်၊ဒီနေ့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီရုပ်အလောင်းတွေဟာ မောင်တောနယ်စပ်တမန်းသားရွာနဲ့ဒုံးညိုရွာမှ ပျောက်ဆုံးနေတဲ့ရွာသားတွေထဲက ခြောက်ဦးရဲ့ရုပ်အလောင်းတွေဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။

အဲဒီအကြမ်းဖက်အဖွဲ့ဟာလမ်းတလျှောက်အရပ်သားပြည်သူတွေကို ဖမ်း ဆီးနှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လူပြတ်တဲ့နေရာ(သို့မဟုတ်)လူ အရောက်နည်းတဲ့နေရာတွေမှာ စွန့်ပစ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလိုပြုလုပ်တာဟာ နှိုတ်ပိတ်လိုက်တာဖြစ်ပေမယ့် မူဆလင်မဟုတ်သူတွေကိုသာ ကျူးလွန်ခဲ့ကြတာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အဲဒီအချိန်က အာရက္ခတပ်တော်အရပ်ဘက်အုပ်ချုပ်ရေးမှာ အရပ်သားတွေလူပျောက်လာတိုင်ခဲ့ကြတာဆယ်ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက်လက်နက်ကိုင်အ ဖွဲ့ဝင်တွေဟာ အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့အာရက္ခမိဘပြည်သူတွေရဲ့အသက်အိုးအိမ်၊စည်းစိ မ်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်း ရောက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြုလှုပ်ရှားနေကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရလက်နက်ကိုင်တာဝန်ရှိသူတချို့အကြမ်းဖက်သမားတွေကိုအားပေးကူညီပေးနေကြတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်း ရောက်တွေဟာ နတ်မြစ်အပါအဝင်ရေပြင်မှာလည်း ငါးဖမ်းသမားတွေဟန် ဆောင်ပြီး ဝင်ရောက်အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီလို အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေလည်းမကြာခဏကျူးလွန်နေကြသလို ကျွဲ၊ နွား၊ ဆိတ်စတဲ့ တိရိစ္ဆာန်တွေကို အုပ်စုလိုက်ခိုးယူနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ဒေသအတွင်းအကြမ်းဖက်အန္တရာယ်ကင်းဝေးစေဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေကို လိုက်လံရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

PrevPreviousမောင်တောနယ်စပ်ကအကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်ရှင်းလင်းနေ
Nextကျောက်မဲမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားနှစ်ဦး​သေဆုံးNext
Previous Post

မောင်တောနယ်စပ်ကအကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်ရှင်းလင်းနေ

Next Post

ကျောက်မဲမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားနှစ်ဦး​သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page