Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၁။
မြန်မာ – ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး ဒလမြစ်ကူးတံတားဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်၊ မနေ့ကဖွင့်ပါတယ်။
အဲဒီတံတားကို ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်မှာ မြန်မာ – ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး စီမံကိန်းဖော်ဆောင်ဖို့ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာပါ။
၂၀၁၅ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့မှာဖွင့်တာဖြစ်ပါတယ်။
အဲဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်သလို ပင်မတံတား အရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတားအရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်းချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေဖြစ်ပါတယ်။
အဲဒီအပြင်ရန်ကုန်ဘက်ကမ်းမှ ဒလဘက်ကမ်းချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစင်းလုံးရဲ့ စုစုပေါင်း အရှည်မှာ ၆၁၂၇ ပေဖြစ်ပါတယ်။
အဲဒီနှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ကိုးရီးယားနိုင်ငံစီးပွားဖွံ့ဖြိုးမှုရန်ပုံငွေ၊ ချေးငွေနဲ့ အစိုးရထည့်ဝင်ငွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်အကုန်ကျခံပြီး တည် ဆောက်ခဲ့တာဖြစ်ပါတယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။














Comments 1
Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/pt-BR/register-person?ref=GJY4VW8W