Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၆။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ဆယ်နှစ်ပြည့်နေ့ကို အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၁ (MICC–I)မှာ ကျင်းပခဲ့တယ်။
အဲဒီဆယ်နှစ်ပြည့်နေ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့စစ်ကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအပြင် တိုင်းရင်းသားလက်နက်ကို င်အဖွဲ့အစည်းတွေမှခေါင်းဆောင်တွေနဲ့ကိုယ်စားလှယ်တွေ၊NCA လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့ကြတဲ့ပြည်တွင်း၊ပြည်ပအသိသက်သေတွေ၊NCA ညှိနှို င်းဆွေးနွေးစဉ်ကပါဝင်ခဲ့ကြတဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ(UPCC)၊NSPNC ကိုယ် စားလှယ်တွေနဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)မှတာဝန်ရှိသူတွေ တက်ရော က်ခဲ့ကြပါတယ်။
နောက်ပြီးပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အ ဖွဲ့ဝင်တွေ၊ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)မှ တာဝန်ရှိသူတွေ၊အိမ်နီးချင်းနိုင်ငံတွေရဲ့အထူးကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။
အဲဒီအပြင်နိုင်ငံခြားသံတမန်တွေ၊တိုင်း ရင်းသားကိုယ်စားလှယ်တွေ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှကိုယ်စားလှယ်တွေနဲ့တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။















