Border News Agency
စစ်တွေ၊ အောက်တိုဘာ ၁၆။
စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ လက်နက်ကြီး၊ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုတွေ ခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်နေတယ်လို့ အောက်တိုဘာလ ၁၅ ရက်မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်တည်ရှိပြီး ပြည်နယ်စစ်ကော်မရှင်ရုံးစိုက်ထားတဲ့ စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်မှာ ရေတပ်စစ်သင်္ဘောအများဆုံးတပ်ဖြန့်ချထားသလို ကင်းထောက်တာတွေ၊ ကင်းလှည့်တာတွေအဓိကပြုလုပ်နေတယ်လိို့ စစ်ကော်မရှင်ရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီးရှိ အ မှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို အနော က်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်ထားသလို ဗိုလ်ချုပ်အဆင့်ရေတပ်အရာရှိကဦးဆောင်ကွပ်ကွဲနေပြီး အရာရှိစစ်သည်တထောင်နီးပါးထိအင်အားဖြည့်ထားတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကော်မရှင်တပ်စစ် သည်ငါးရာထိအင်အားဖြည့်ထားသလိုရေတပ်စစ်သင်္ဘောကြီးတွေလည်း ထပ်
ဖြည့်ထားတယ်လို့ ဆိုကြပါတယ်။
အဲဒီရေတပ်အထိုင်တပ်ရင်းတွေမှာဒရု န်းတပ်ဖွဲ့တွေ၊လက်နက်ကြီးတပ်ဖွဲ့တွေလည်းပါဝင်ပြီး ဒရုန်းနဲ့ကင်းထောက်တာတွေနေ့စဥ်ပြုလုပ်ကြသလို ဒရုန်းဗုံးချတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေလည်း ပြုလုပ်နေကြတယ်လို့ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်မှာ စစ်ရေယာဥ်ကြီးငယ်သုံးဆယ့်ငါးစင်းသာရှိခဲ့ပေမယ့် အစင်းရေငါးဆ ယ်ထိအင်အားဖြည့်ထားသလို ဒရုန်းအထူးတပ်ဖွဲ့တွေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေပူးပေါင်းဖြည့်တင်းထားပြီး ကမ်း တက်စစ်ဆင်ရေးပြုလုပ်ဖို့ စစ်သည်၊လ က်နက်၊ရိက္ခာဖြည့်တင်းထားတယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
“နေဗီတွေက ဒရုန်းနဲ့ကင်းထောက်ပြီးလက်နက်ကြီးပစ်ကူအားကိုယူမယ်။က မ်းတက်စစ်ဆင်ရေးနဲ့တချို့မြို့တွေကိုပြန်သိမ်းမယ်။ကြည်းရေလေတန်ပြန်စစ်ဆင်ရေးလုပ်မယ်။ရေတပ်ကိုအဓိ ကထားပြီးကမ်းတက်စစ်ဆင်ရေးနဲ့ပြန်သိမ်းမယ်။ ရေတပ်အင်အားကို အများဆုံးဖြည့်ထားတယ်။” လို့ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှရေတပ်အရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်၊ရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုအပါအဝင်စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်၊စစ်တွေဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံတပ်တွေစုပေါင်းပြီး စစ်တွေမြို့နယ်ကုန်း၊ ရေနှစ်ခုမှာစစ်ကော်မရှင်တပ်အင်အားတသောင်းကျော်ခန့်ထိဖြည့်တင်းထားပြီးလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေတပြိုင်းတည်းပြုလုပ်ဖို့ ကြိုတင်ပြင်ဆ င်မှုတွေပြုလုပ်နေသလို ရေပြင်၊ဝေဟ င်အသုံးပြုနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတချို့
ကိုလည်း သံတမန်ရေးအရဆက်ဆံပြီးသဘောတူညီမှုတွေရယူထားတာတွေရှိနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။
“လာမယ့်ရွေးကောက်ပွဲမတိုင်းခင်မှာစ စ်ကော်မရှင်တပ်က အေအေသိမ်းထားတဲ့နေရာတွေကို သွေးတိုးစမ်းထိုးစစ်ဆင်ကြည့်မှာသေချာနေပါတယ်။ အေအေကဘယ်လောက်ပြင်ဆင်ထားပါသလဲ။ပြည်သူတွေကိုအသိပေးပြီးဘ ယ်လောက်ပြင်ဆင်ထားသလဲအပေါ်မူတည်ပါမယ်။ စစ်ကော်မရှင်းကရေတပ်ကိုအဓိကသုံးမှာသေချာပါတယ်။ အဲဒီအတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့သ ဘောတူညီမှုတွေယူထားပြီးလို့ခန့်မှန်းရပါတယ်။” လို့ နိုင်ငံရေးအကဲခတ်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့အတွက်စစ်သည်၊လက်နက်၊ရိက္ခာဖြည့်တင်းတာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး ကြည်းရေလေပူးပေါင်းစစ်ဆင်ရေးထိုးစစ်အတွက် စစ်ကော်မရှင်တပ်ကအင်အားသုံးသောင်းထိဖြည့်တင်းထိုးစစ်ဆင်မယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒရုန်းကင်းထောက်၊ လက်နက်ကြီးပစ်ကူယူပြီး မောင်တောမြို့နယ်ကို အဓိကပြန်လည်းထိုးစစ်ဆင်သိမ်းယူမှာဖြစ်သလို ကုလားတန်စီးမံကိန်းလမ်းကြောင်းတလျှောက်
ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝစတဲ့မြို့နယ်တွေကို ပြန်လည်သိမ်းယူဖို့ကြိုးစားပြင်ဆင်နေသလို သံတွဲမြို့နယ်ကိုလည်း ပြန်လည်သိမ်းယူဖို့ ပြင်ဆင်ထားပြီလို့ စစ်ကော်မရှင်တပ်အသိုင်းအ ဝိုင်းက အတည်ပြုပြောကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ မောင်တောခရိုင်ကို ပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့ ရိုဟ င်ဂျာအမည်ခံလက်နက်ကိုင်တွေကိုလ ည်းလက်နက်ထောက်ပံ့စည်းရုံးထားပြီဖြစ်သလို စစ်တွေမြို့နယ်မှာလည်း မွ တ်ဆလင်ဒုက္ခသည်သုံးထောင်နီးပါးကိုစစ်သင်တန်းပေးလက်နက်တပ်ဆင်ကာစစ်တွေမြို့နယ်ပင်လယ်ကမ်းနားတလျှောက်မှာလုံခြုံရေးယူခိုင်းထားပြီလို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆို
ကြပါတယ်။
အာရက္ခ-ဘင်္ဂလားနယ်စပ်တလျှောက်အပါအဝင် မောင်တောခရိုင်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားထောင်နဲ့ချီဝင်ရောက်လှုပ်ရှားနေကြပြီး စစ်ကော်မရှင်တပ်ကလည်း ဒရုန်းတွေ၊လေယာဥ်တွေနဲ့ကင်းထောက်သတင်းစုဆောင်းတာတွေ နေ့စဥ်လိုလိုပြုလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပြောကြပါတယ်။
စစ်ကော်မရှင်တပ်ဟာရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်အနီးအနားနေရာအားလုံးမှာရေတပ်စစ်သင်္ဘောတွေ၊ အထိုင်ခံစစ်တွေပြုလုပ်ပြီးအင်အားထောင်ချီဖြည့်တင်းခံစစ်ပြုလုပ်ထားပြီမို့ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့မလွယ်တော့ဘူးလို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။






