Border News Agency
ဒါကာ၊ အောက်တိုဘာ ၁၈။
ဒါကာမြို့ရှိ ဟာဇရတ်ချာဂျာလာလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ပစ္စည်းသိုလောင်ရုံဟာ အောက်တိုဘာလ ၁၈ရက်၊ ဒီနေ့နေ့လည် ၂ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒါကြောင့် လေယာဉ်အတက်၊ အဆင်းပျံသန်းမှုအားလုံးကို ယာယီရပ်ဆိုင်းလိုက်ရပါတယ်။
အဲဒီမီးစလောင်တဲ့နေရာဟာ နိုင်ငံတကာမှတင်သွင်းတဲ့ပစ္စည်းတွေကို သိုလှောင်ရာနေရာဖြစ်ပါတယ်။
အဲဒီမီးလောင်မှုကြောင့် လေဆိပ်တခုလုံးနီးပါးမီးခိုးတွေ ပျံ့နှံ့သွားခဲ့ပြီး စုပေါင်းမီးငြိမ်းသတ်နေကြပါတယ်။
အဲဒီမီးလောင်မှုကို ဘင်္ဂလားဒေ့ရှ်ရေတပ်၊ လေတပ်၊ မီးသတ်တပ်ဖွဲ့အပါအဝင် အဖွဲ့ပေါင်းစုံစုပေါင်းငြိမ်းသတ်နေကြပါတယ်။














