Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၈။
မြန်မာနိုင်ငံတဝှမ်းမှာ မသန်စွမ်းဖြစ်ပွားမှုနှုန်းလူဦးရေ ၂.၂၉သန်း၊ ၇.၆ ရာခိုင် နှုန်းရှိပြီး မသန်စွမ်းဖြစ်ပွားမှုနှုန်းအမြင့်ဆုံးထဲမှာ ရခိုင်ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဲဒီမသန်စွမ်းမှုနဲ့ ပတ်သက်လို့အမြင်၊ အကြား၊ ပစ္စည်းကိုင်တွယ်၊ လမ်းလျှောက်၊ လှေကားတက်၊ မှတ်ဉာဏ်၊ သင်ယူလေ့လာတာ၊ မိမိကိုယ်ကိုစောင့်ရှောက်နိုင်မှု၊ တခြားသူတွေနဲ့ဆက်သွယ်မှုစတဲ့ အဓိကအမျိုးအစားခြောက်မျိုးကို အသုံးပြုပြီး မေးမြန်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချက်အလက်တွေဟာ စစ်ကော်မရှင်ထုတ်ပြန်တဲ့၂၀၂၄ ခုနှစ်၊ လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှာ ဖော်ပြထားတာပါ။
ရခိုင်ဟာ အမြင်အာရုံခက်ခဲမှု ၅.၅ ရာခို င်နှုန်း ၊မှတ်ညဏ်၊ သင်ယူလေ့လာတာခက်ခဲမှု ၅.၃ ရာခိုင်နှုန်း၊ တခြားသူတွေနဲ့ဆက်သွယ်ရာမှာခက်ခဲမှု ၄.၅ ရာခိုင်နှုန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအချက်အလက်တွေအရ မြန်မာနိုင်ငံအနှံ့မသန်စွမ်းသူအများစုဟာ အ မြင် ၄.၁ရာခိုင်နှုန်း၊ ပစ္စည်းကိုင်တွယ်၊ လမ်းလျှောက်၊ လှေကားတက် ၃.၁ ရာ ခိုင်နှုန်း၊ မှတ်ဉာဏ်၊သင်ယူလေ့လာတာ ၂.၈ရာခိုင်နှုန်းနဲ့အကြား ၂.၇ရာခိုင်နှုန်းထိ မသန်စွမ်းမှုအမျိုးအစားအဖြစ်အများဆုံးလို့ ဆိုပါတယ်။
အဲဒီဒေသအလိုက်အနေနဲ့ မသန်စွမ်းဖြစ်ပွားမှုနှုန်းအမြင့်ဆုံးထဲမှာ ချင်းပြည်ဖြစ်ပြီး ဒုတိယအမြင့်ဆုံးမှာ ရခိုင်ပြည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလိုအနိမ့်ဆုံးဖြစ်ပွားမှုနှုန်းဟာ ရှမ်းပြည်၊ ကချင်ပြည်နဲ့မန္တလေးတိုင်းဒေသကြီး ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီလိုမသန်စွမ်းလူဦးရေအများဆုံးဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ခြောက်သိန်းနီးပါး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၄.၅သိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ၂.၆သိန်းခန့်ထိရှိတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ဟာ မသန်စွမ်းဖြစ်ပွားမှုနှုန်းအမြင့်ဆုံးထဲမှာပါဝင်လာပြီး လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုနည်းပါးမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။






