Border News Agency
ကျောက်ဖြူ၊ နိုဝင်ဘာ ၁။
စစ်ကော်မရှင်တပ် ပစ်ခတ်တိုက်ခိုက်လို့သုံးရက်အတွင်း အမျိုးသမီးခုနှစ်ဦးသေဆုံးပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူလေးမြို့နယ်ကို အောက်တိုဘာ လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ စစ်ကော်မရှင်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာရကြတာပါ။
အဲဒီလိုပစ်ခတ်တိုက်ခိုက်လို့ ကလေးသူငယ်တွေအပါအဝင် အရပ်သားဆယ့်နှစ်ဦးသေဆုံးခဲ့ရာမှာ အမျိုးသမီးခုနှစ်ဦးပါဝင်သလို ဒဏ်ရာရသူသုံးဆယ်တဦးထဲမှာ အမျိုးသမီးဆယ့်လေးဦးပါဝင်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ကို အောက်တိုဘာ လ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်လို့ တောင်ညိုရွာမှအသက်ငါးနှစ်အရွယ် မဇင်ချိုအိသေဆုံးခဲ့ပါတယ်။
အဲဒီအပြင်ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို အောက်တိုဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သေဆုံးသူခုနှစ်ဦးထဲမှာ အမျိုးသမီးလေးဦးပါဝင်သလို ဒဏ်ရာရသူတဆယ့်ရှစ်ဦးထဲမှာ အမျိုးသမီးကိုးဦးပါဝင်ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာအသက်ဆယ့်ခုနှစ်အရွယ် မစုမယေ၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘောင်ကြီးကျေးရွာက အသက်သုံးဆယ်တနှစ်အရွယ် ဒေါ်မေမြတ်သူ၊ အသက်နှစ်ဆယ့်နှစ်အရွယ် မစံပယ်ဝင်း၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာက အသက်ငါးဆယ်သုံးနှစ်အရွယ် ဒေါ်သန္ဒာငြိမ်းတို့သေဆုံးခဲ့ပါတယ်။
အဲဒီအပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ အလယ်ပိုင်းရပ်ကွက်က အသက်ငါးဆယ်နှစ်နှစ်အရွယ် ဒေါ် ဝင်းဝင်းနွယ်၊ အရှေ့ပိုင်းရပ်ကွက်က အသက်ခြောက်ဆယ်အရွယ် ဒေါ်မစိုးမြင့်၊ ကင်းပင်လယ်နားကျေးရွာက အသက်ဆယ့်ကိုးနှစ်အရွယ် မလေးလေးနွယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေကျေးရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဒေါ်ဌေးဌေးမြင့်၊ အသက်လေးဆယ်ခြောက်နှစ်အရွယ် ဒေါ်စုစုလှိုင်၊ အသက်ငါးဆယ်အရွယ် ဒေါ် ထားထားနွယ်၊ အသက်ဆယ့်ကိုးနှစ်အရွယ် မဝင်းစန္ဒီ၊ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် မထက်ထက်သန်၊ အသက်သုံးဆယ်လေးနှစ်အရွယ် ဒေါ်ခင်မျိုးနွယ်တို့ ဒဏ်ရာရသွားခဲ့ကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို အောက်တိုဘာ ၃၁ ရက်၊ နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သေဆုံးသူလေးဦးထဲမှာ အမျိုးသမီးနှစ်ဦးပါဝင်သလို ဒဏ်ရာရသူကိုးဦးထဲမှာ ငါးဦးပါဝင်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာက အသက်သုံးဆယ်ခြောက်နှစ်အရွယ် ဒေါ်အေးမြဝင်း၊ ပန်းနီလာကျေးရွာကအသက် နှစ်ဆယ့်သုံးနှစ်အရွယ် မဖြိုးဖြိုးတို့သေဆုံးခဲ့ကြပါတယ်။
အဲဒီအပြင် ပန်းနီလာကျေးရွာက အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ် မသိန်းရွှေ၊ အသက်လေးဆယ်ငါးနှစ်အရွယ် ဒေါ်ခင်မေသန်း၊ အသက်ဆယ့်နှစ်နှစ်အရွယ် မ ဖြိုးအေးခိုင်၊ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် မသူဇာဝင်း၊ အသက်သုံးဆယ်ရှစ်နှစ်အရွယ် ဒေါ် အေးဆန်းယဉ်တို့ ဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေ၊ မြို့ရွာ၊ စာသင်ကျောင်း၊ ဈေး၊ဆေးရုံ၊ ဆေးခန်း၊ ဘုန်းတော်ကြီးကျောင်း၊ လူနေအဆောက်အအုံကြီးတွေကို စစ်ကော်မရှင်တပ်ဟာ သူရဲဘောကြောင်စွာ နေ့စဉ်ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့်အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အရင်ထက် ပိုမိုသတိထားကြဖို့ စစ်ရေးသတိအပြည့်အဝနေ့၊ ညအချိန်မရွေးရှိကြဖို့ အထူးအသိပေးတိုက်တွန်းထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေသလို စစ်တွေမြို့နယ်မှာလည်း စစ်ရေးတင်းမာနေကြပါတယ်။






