အင်တာဗျူး
Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ တပိုင်တနိုင်မွေးမြူရေးတွေလုပ်နေကြပါတယ်။
ဒါပေမယ့်အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေအများကြီးရှိနေတယ်လို့ ဆိုကြပါတယ်။
အဲဒီမြောက်ဦးမြို့နယ်မှကြက်မွေးမြူရေးလုပ်နေသူကိုမင်းဆက်သိန်းက သူတို့အခက်အခဲတွေကို ပြောပြဖူးပါတယ်။
“အခက်အခဲတွေကတော့အများကြီးရှိပါတယ်။ကြက်တွေသွားယူတဲ့နေရာမှာလည်းငွေကြေးအမြောက်မြားသုံးရပါတယ်။ငွေကြေးပိုင်းဆိုင်ရာကိုတော့ကျွန်တော်က မပြောလိုပါဘူး။ ဒုက္ခတွေခံရပါတယ်။ သွားယူတဲ့အချိန်မှာ မိုးဒဏ်လေဒဏ်လှိုင်းဒဏ်၊ အဲဒီတုန်းက မိုးဦးစအချိန်မလို့ လှိုင်းဒဏ်တွေလည်းတအားပြင်းပါတယ်။ မြစ်နားတွေကသွားရတဲ့အချိန်မှာ အန္တရာယ်တွေလည်းရှိပါတယ်။ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးကြိုးစားပြီးလုပ်တာပါပဲ။ အစာတွေကတော့မှာယူရတာပါ။”
“ဘင်္ဂလာဖက်ကနေပြီးတော့ ကျွန်တော်တို့ကြက်တွေကတော့ ဘင်္ဂလာကြက်ပါ။ အဲဒီကနေပြီးတော့ အသင့်စားအစာတခုကိုမှာယူရပါတယ်။ အဲဒီအစာတွေကမပေးလို့လည်းရပါတယ်။ မဟုတ်ဘဲတခြားအစာတွေကိုပေးလို့ရပါတယ်။ အဆင်သင့်အစာကိုပေးရတာတော့ ကျွန်တော်တို့အတွက်က ပိုလို့ကောင်းပါတယ်။”
“ပိုက်ဆံကလည်းလိုက်နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့မှာက ဟိုကနည်းနည်း၊ ဒီကနည်းနည်းနဲ့ယူလို့ပေးရပါတယ်။ အစာကြမ်းတွေလည်းပေးရပါတယ်။ ဆေးတွေလည်းလိုက်ပေးရပါတယ်။ ကြက်လေးတွေကျန်းမာဖို့အတွက်လည်း ကျွန်တော်တို့မှာကြည့်ရပါတယ်။ အစာရေစာတွေလည်းဝဖို့လို့ပါတယ်။ ကြီးလည်းကြီးထွားဖို့လိုပါတယ်။”
“အဓိကတော့တိုင်းပြည်တခုပါ။စစ်ရေးအခြေအနေတွေကြောင့်ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေကြတာပါ။ လုပ်စားမှုတွေက နည်းနည်းခေါင်းပါးလာပါတယ်။”
“အတတ်နိုင်ဆုံးကတော့ကျွန်တော်တို့ကရိုးသားမှုနဲ့အလုပ်လုပ်ပါတယ်။သူတို့တွေကိုလုပ်ပေးစေချင်တာတခုကတော့ လမ်းတွေနဲ့ပတ်သက်ပြီးတော့ စစ်ဖြစ်နေတဲ့ကာလမှာလမ်းလေးတခုကောင်းစေချင်တာပါ။ လားဖို့လာဖို့အဆင်ပြေစေဖို့အတွက်ပါ။”









