Border News Agency
မောင်တော၊ နိုဝင်ဘာ ၁၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ဝါးခုတ်ဖို့သွားတဲ့မြိုအမျိုးသားတဦး မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ခုန်တိုင်ကျေးရွာက အသက်လေးဆယ်နှစ်နှစ်အရွယ် ဦးဒေါင်ရွိုင်သေဆုံးသွားခဲ့တာပါ။
အဲဒီမောင်တောမြို့နယ်၊ လဘော်ဝချော င်းနဲ့သံဖရာချောင်းကြားမှာ နိုဝင်ဘာလ၁၄ ရက်နေ့က ဝါးခုတ်သွားခဲ့ကြတာလို့ ဆိုကြပါတယ်။
အဲဒီဝါးခုတ်နေတဲ့အချိန်မှာ မြေမြုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ပြီး ဆေးရုံကိုယူဆောင်ခဲ့ပေမယ့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တာလို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ဂြစ်ချောင်းရွာမှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ လူငယ်တဦးမှာ ညာဘက်ခြေမျက်စိအထက်မှ ပြတ်ထွက်သွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်မှာ အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက်နှစ်ဆယ်ငါးနှစ်အရွယ် ကိုဇော်လာဟာမှာ ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။







Comments 1
Your point of view caught my eye and was very interesting. Thanks. I have a question for you.