Border News Agency
ဖားကန့် ၊ ဒီဇင်ဘာ ၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုမှ ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ဖားကန့်မှော်လှည့်သပိတ်နဲ့ ဖားကန့်သပိတ်အင်အားစုတွေပူးပေါင်းကာ တရုတ်အစိုးရကူညီအားပေးထောက်ပံ့မှု့နဲ့ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲဆန့်ကျင် ကန့်ကွက်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တရုတ်အစိုးရနဲ့ အကြမ်းဖက်မင်းအောင်လှိုင် ပူးပေါင်းဆောင်ရွက်မယ့် မြစ်ဆုံစီမံကိန်းချက်ချင်းရပ်တန့်ဖို့ လူထုဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။
ဖားကန့်ပြည်သူတွေက ခွေးတွေလုပ်တဲ့ ရွေးကောက်ပွဲတို့ပြည်သူတွေက မဲပေးစရာလား၊ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့၊ ပြည်သူ့ဆန္ဒကို နားထောင်မြစ်ဆုံစီမံကိန်း ချက်ချင်း ဖျက်သိမ်း၊ တရုတ်အစိုးရ မြစ်ဆုံစီမံကိန်းချက်ချင်းရပ်၊ ဧရာဝတီကို ကာကွယ်ကြစတဲ့ စာတန်းများကိုင်ဆောင်ကာ လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးရှိပြည်သူတွေ မင်းအောင်လှိုင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာ၊ မဲထည့်တာလုံးဝမပြုလုပ်ကြဖို့ မြစ်ဆုံဆည်စီမံကိန်းရပ်တန့်အောင် ဝိုင်းဝန်းကန့်ကွက်ကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။



















