Border News Agency
မြောက်ဦး၊ဇွန် ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမြောက်ဦးမြို့ပြစီမံကိန်းမြေနေရာကို ဇွန်လ ၁ ရက်၊ဒီနေ့ မနက် ၉ နာရီအချိန်ကစတင်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကွင်းဆင်းတိုက်တာနေပါတယ်။
အဲဒီမြောက်ဦးမြို့နယ်ကို သန့်ရှင်းသပ်ရပ်ပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ထိ န်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေတ ယ်လို့ မတ်လ ၂၉ ရက်နေ့က ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။
အဲဒီမြောက်ဦး-မင်းပြားကားလမ်းဘေး ပေါင်းတုတ်ကျေးရွာအနီးရှိလယ်ယာ မြေတွေကို ၁၈၄၉ ခုနှစ်၊မြေသိမ်းအက် ဥပဒေပုဒ်မ၉(၃)အရ သိမ်းသွားမယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကအထူးနို့တစ်အကြောင်းကြားစာပေးပို့ထားပါတယ်။
အဲဒီလယ်ယာမြေပိုင်ရှင်တွေ၊အကျိုးခံစားခွင့်ရှိသူအားလုံးဟာ မေလ ၁၆ ရက်နေ့မှမေလ ၃၁ ရက်နေ့ထိ ၁၅ ရက်အ တွင်းလျော်ကြေးငွေကို တောင်းခံနိုင်တယ်လို့ မြေပိုင်ရှင်တွေကို အသိပေးထားပါတယ်။
အဲဒီလျော်ကြေးငွေတွေကို ကန့်ကွက်ချက်တွေရှိရင်လည်းဖော်ပြနိုင်တယ်လို့ဆိုထားတာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပါအဝင်သက်ဆိုင်သူတွေကို မြေပိုင်ရှင်တွေက ကန့်ကွက်ကြောင်းစာတင်ထားကြတယ်လို့ ဆိုကြပါတယ်။
အဲဒီမြေပိုင်ရှင်အများစုဟာ မူဆလင်တွေဖြစ်ကြပြီး မူလမြေပိုင်ရှင်မူဆလင်တွေဆီက ရခိုင်လူမျိုးတွေဝယ်ယူထားကြတာတွေလည်း အများအပြားရှိနေကြပါတယ်။
အဲဒီမြေတွေဟာ ကားလမ်းဘေးမှာရှိတာမို့ ကာလပေါက်စျေးတန်ဖိုးသိန်းရာချီရှိနေပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဧကကိုသိန်းရှစ်ဆယ်သာပေးတာမို့ မြေပိုင်ရှင်တွေလက်မခံဘဲကန့်ကွက်နေကြပါတယ်။
အဲဒီမြေပိုင်ရှင်တချို့သာလျော်ကြေးငွေကိုလက်ခံမယ်လို့ဆိုကြပေမယ့်အ များစုကတော့လက်မခံကန့်ကွက်နေကြပေမယ့် လက်နက်ကိုင်လုံခြုံရေးတွေယူပြီးအတင်းအဓမ္မမြေသိမ်းယူနေတယ်လို့ မြေပိုင်ရှင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့်ကမ္ဘာကုလသမဂ္ဂအပါအ ဝင် ILO၊ယူနက်စကို၊နိုင်ငံတကာအဖွဲ့အစည်းတွေ၊နိုင်ငံတကာအစိုးရကိုတိုင် ကြားသွားမယ်လို့ မြေပိုင်ရှင်မူဆလင်တွေက ပြောကြပါတယ်။
အဲဒီမြေတွေကိုသိမ်းယူမယ့်အကြောင်းကို အာရက္ခတပ်တော်ဗဟိုထောက် လှမ်းရေးရဲ့မြောက်ဦးမြို့နယ်ထောက်လှမ်းရေးအရာရှိကျားလက်ဝါးမှမြေပိုင်ရှ င်များကိုခေါ်ယူခြိမ်းခြောက်ပြီးအတင်းအဓမ္မသဘောတူခိုင်းတာတွေအကြိမ် ကြိမ်ပြုလုပ်ခဲ့ကြတယ်လို့ မြေပိုင်ရှင်တွေက ဆိုကြပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က အာဏာရှင်အဆက်ဆက်က စနစ်တကျမရှိခဲ့တဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို ပြ န်လည်ပြုပြင်ဖို့၊လူဦးရေတိုးပွားလာမှုနဲ့မြို့ပြချဲ့ထွင်မှုတွေကို စနစ်တကျစီမံခ န့်ခွဲဖို့၊လမ်းတွေနဲ့ မြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ထိန်း သိမ်းနိုင်ဖို့အတွက် မြို့ပြစီမံကိန်းလုပ် ငန်းကော်မတီတွေကို ဖွဲ့စည်းပြီး အား သွန်ခွန်စိုက်ဆောင်ရွက်နေတယ်လို့ ထု တ်ပြန်ထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ စစ်ရေးအပြင်တရားဥပဒေစိုးမိုးရေး၊ကျန်းမာရေး၊ပညာရေး၊အုပ်ချုပ်ရေးနဲ့ မြို့ပြ/ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ပြည်သူတွေနဲ့အတူလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတ ယ်။
အဲဒီမြို့ပြစီမံကိန်းလုပ်ငန်းကော်မတီတွေဟာ ဒေသအသီးသီးကမြို့ပြနေရာတွေကို ကွင်းဆင်းတိုင်းတာတာ၊သက် ဆိုင်သူတွေနဲ့ဆွေးနွေးညှိနှိုင်းတာ၊ပိုင် ဆိုင်မှုတွေကို အတည်ပြုပြီး နယ်နိမိတ်သတ်မှတ်တာတွေအပြင် လိုအပ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အ ညီမြေသိမ်းဆည်းတာနဲ့လျော်ကြေးပေးတာတွေကို အဆင့်ဆင့် စနစ်တကျ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေဟာ အာရက္ခတပြည်လုံးတည်ဆောက်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့အောင်မြင်နိုင်ဖို့အတွက် အမျိုးသားရေးသတိ၊တိုင်းချစ်ပြည်ချ စ်စိတ်တွေနဲ့အတူ အရင်ကထက်ပိုတဲ့ ပူးပေါင်းပါဝင်မှု၊အင်တိုက်အားတိုက် ကူညီလုပ်ဆောင်မှုတွေနဲ့ ဝိုင်းဝန်းလုပ် ဆောင်ပေးကြဖို့ ULAက တိုက်တွန်းနှိုးဆော်ထားပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမြေနေရာတွေကိုသိမ်းယူပြီး လမ်းချဲ့တာတွေ၊အဆင့်မြင့်စျေးတွေ၊စားသောက်ဆိုင်တွေ၊အားကစားကွင်းတွေအပါအဝင် မြို့ပြစီမံကိန်းတွေတည်ဆောက်သွားမယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မြေပိုင်ရှင်တွေကိုအစည်းအဝေးခေါ်ယူပြောဆိုထားပါတယ်။






