Border News Agency
သံတွဲ၊ ဒီဇင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာ(တိုးချဲ့ရပ်ကွက်)ကို ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ၈ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံးပြီးဆယ့်နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် လူနေအိမ်တဆယ့်နှစ်ဆောင်လည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။








