Border News Agency
သံတွဲ၊စက်တင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ငပလီကို စက်တင်ဘာလ ၂၈ ရက်၊ဒီနေ့ နေ့လည် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
“စစ်တပ်က သံတွဲကိုကမ်းတက်ဖို့ကြိုးစားနေတာပါ။ အဲဒါကြောင့် လေယာဥ်နဲ့လာပစ်တာ။ သံတွဲအနီးအနားမှာလည်း စစ်တပ်ကရေတပ်ကို အင်အားဖြည့်ထားတယ်။အဲဒီကနေလည်း လက်နက်ကြီးတွေအမြဲပစ်တယ်။”လို့ စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ အာရက္ခတပ်တော်ကထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့မနက်ပိုင်းကစပြီး ကျောက်တော်နဲ့သံတွဲမြို့နယ်တို့အပါအဝင် အာရက္ခဒေသအတွင်းရှိ မြို့နယ်အများအပြားကိုလေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်။










