Border News Agency
တာမွေ၊ နိုဝင်ဘာ ၁၂။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့မှ ငွေကျပ်သိန်းခြောက်ထောင်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီတာမွေမြို့နယ်၊တာမွေလေးရပ်ကွက်၊လေးထောင့်ကန်လမ်းမှာ ကျော်နိုင်မောင်းနှင်ပြီး ဇေယျာကျော်နဲ့ အောင်ခင်တို့လိုက်ပါလာတဲ့ TOYOTA COROLLA အမျိုးအစားမော်တော်ယာဉ်ကို နိုဝင်ဘာလ ၁၁ရက်၊ ညနေ ၄နာရီအချိန်ခန့်က ရပ်တန့်စစ်ဆေးခဲ့တာပါ။
အဲဒီလိုရပ်တန့်စစ်ဆေးချိန် ယာဉ်ပေါ်မှ ငွေကျပ်သိန်းခြောက်ထောင်တန်ဖိုးရှိ စိတ်ကြွဆေးပြားသုံးသိန်းပြားနဲ့ လက်ကိုင်ဖုန်းသုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီပါဝင်ပက်သက်သူ အသက်လေးဆယ်နှစ်နှစ်အရွယ် ကျော်နိုင်၊ အသက်လေးဆယ်သုံးနှစ်အရွယ် ဇေယျာကျော်နဲ့ အသက်သုံးဆယ်ငါးနှစ်အရွယ် အောင်ခင်တို့ကို တာမွေမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။










