Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၁၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို နိုဝင်ဘာလ ၁၂ ရက်၊ဒီနေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနိုင်ပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးပါဘူး။
အဲဒီထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။









