Border News Agency
ခလယ်လွီထူ၊ ဇန်နဝါရီ ၁၃။
ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်ထဲမှာ စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ လူထုသပိတ် ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြုလုပ်နေပါတယ်။
ဒီလှုပ်ရှားမှုကို ခလယ်လွီထူခရိုင်ထဲက လယ်ဒို၊ မူး နဲ့ ဆောထိမြို့နယ်တွေမှာရှိတဲ့ ဒေသခံပြည်သူ ငါးရာနီးပါး စုပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
ကရင်လူငယ်အစည်းအရုံး (KYO) နဲ့အတူ ဒေသခံတွေက ‘သမိုင်းတရားခံမဖြစ်ဖို့ ရွေးကောက်ပွဲကို ဆန့်ကျင်စို့’ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်ဦးဆောင်သူတွေကတော့ စစ်ကော်မရှင်ဟာ သူတို့ရဲ့ အာဏာကို တရားဝင်ဖြစ်အောင် ရွေးကောက်ပွဲကို ထွက်ပေါက်တခုအနေနဲ့ အသုံးချဖို့ ကြိုးစားနေတာဖြစ်လို့ ဒါကို လုံးဝလက်မခံဘဲ ဆက်ပြီး ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။


























