Border News Agency
မကွေး၊ ဇန်နဝါရီ ၁၃။
မကွေးတိုက်ပွဲတွေမှာ တနှစ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တရာကျော်သေဆုံးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ဇန်နဝါရီလ ၁၃ ရက်၊ ဒီနေ့ထုတ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က ဗိုလ်ကြီးအဆင့်နှစ်ဦးအပါအဝင် တရာ့လေးဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်သုံ့ပန်းခြောက်ဆယ်သုံးဦးကို ဖမ်းဆီးရမိခဲ့သလိုအရာရှိလေးဦးလက်နက်ချအလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အလင်းဝင်လာတဲ့ အရာရှိတွေကိုတော့ သူတို့ရဲ့ မိသားစုတွေဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်တပ်ဆီက လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။










