Border News Agency
စစ်တွေ၊ဇန်နဝါရီ ၁၃။
စစ်တွေမြို့တည်ထောင်တဲ့ နှစ်နှစ်ရာ ပြည့်အထိမ်းအမှတ်အဖြစ် လူငယ်တထောင်ကျော် ပါဝင်တဲ့အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ပါတယ်။
အဲဒီပြိုင်ပွဲကို စစ်ကော်မရှင်ရဲ့ရခိုင်ပြည်ဝန်ကြီးချုပ်ဦးထိန်လင်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပွဲအတွက်ငွေကျပ်သိန်းသုံးရာ ထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီစစ်တွေမြို့ ဝင်္ကဘာကွင်းမှာ လာမယ့် ဇန်နဝါရီ ၂၂ ရက်နေ့မှာလည်း နှစ်နှစ်ရာပြည့် အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတွေကို ဆက်လက်ကျင်းပသွားဖို့ စစ်ကော်မရှင်ဘက်က စီစဉ်ထားပါတယ်။

































