Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၆။
ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၁၃ ကြိမ်မြောက် အာဆီယံပါရာဂိမ်း (ASEAN Para Games) မှာ ထိုင်းမျက်မမြင်ဘောလုံးအသင်းက အာဆီယံချန်ပီယံဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီဗိုလ်လုပွဲမှာ ထိုင်းလက်ရွေးစင်မျက်မမြင်ဘောလုံးအသင်းဟာ မလေးရှားအသင်းကို ၄ ဂိုး – ၀ ဂိုး ဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်အနိုင်ယူခဲ့တာပါ။
အခုလိုအနိုင်ရရှိမှုဟာ မျက်မမြင်ဘောလုံးအသင်းအတွက် သုံးကြိမ်ဆက်ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းဝင်စံချိန်သစ်တခုလည်း ဖြစ်ပါတယ်။
ဒီအောင်မြင်မှုဟာ ထိုင်းနိုင်ငံကမသန်စွမ်းအားကစားသမားတွေရဲ့ ထူးချွန်တဲ့စွမ်းဆောင်ရည်နဲ့ ဇွဲလုံ့လကို ကမ္ဘာကသိအောင်ပြသနိုင်ခဲ့တာဖြစ်တယ်လို့ အားကစားအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
















