Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၆။
ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ ၁၃ကြိမ်မြောက် အာဆီယံပါရာဂိမ်း (ASEAN Para Games) ရဲ့ ဝှီးချဲလ်ဘတ်စကတ်ဘော ပြိုင်ပွဲမှာထိုင်းအမျိုးသားနဲ့ အမျိုးသမီးအသင်းက ရွှေတံဆိပ်ဆုတွေကို အသီးသီးဆွတ်ခူးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
အဲဒီအမျိုးသားဝှီးချဲလ်ဘတ်စကတ်ဘော ဗိုလ်လုပွဲမှာ ထိုင်းအသင်းက ဖိလစ်ပိုင်အသင်းကို ၉၀ – ၄၄ မှတ်နဲ့ အပြတ်အသတ်အနိုင်ယူပြီး အာဆီယံပါရာဂိမ်းသမိုင်းမှာ ၉ ကြိမ်ဆက်တိုက်ရွှေတံဆိပ်ဆွတ်ခူးတဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။
အဲဒီအပြင်အမျိုးသမီးဝှီးချဲလ်ဘတ်စကတ်ဘော ဗိုလ်လုပွဲမှာလည်း ထိုင်းအမျိုးသမီးအသင်းက လာအိုအသင်းကို ၇၇ – ၁၈ မှတ်နဲ့ အနိုင်ရရှိခဲ့ပြီး ၃ ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီလို ထိုင်းမသန်စွမ်းအားကစားအသင်းတွေက အမျိုးသားရော အမျိုးသမီးပါ ရွှေတံဆိပ်တွေဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

















