Border News Agency
ရသေ့တောင်၊စက်တင်ဘာ ၂၀။
ရသေ့တောင်မြို့နယ်၊ဇီးကိုင်းကျေးရွာကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်တွေမြို့ရှိ တပ်ရင်းတွေဆီကရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ပတ်ခတ်ခဲ့တာကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီဇီးကိုင်းကျေးရွာမှမိခင်ဖြစ်သူ အသက်ခုနှစ်ဆယ်နှစ်နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သမီးဖြစ်သူအသက်လေးဆယ်တနှစ်အရွယ် ဒေါ်မရွှေတင်တို့သေဆုံးခဲ့ကြတာပါ။
အဲဒီစစ်တွေမြို့ရှိအာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတွေဆီက စက်တင်ဘာလ ၂၀ ရက်၊ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် မိခင်ဖြစ်သူရဲ့ ရင်ဘတ်အထက်ညှပ်ရိုးနဲ့သမီးဖြစ်သူရဲ့ ဦးခေါင်းမှာ လက်နက်ကြီးစထိထိမှန်ပြီးသေဆုံးသွားခဲ့တာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့် အာရက္ခတပ်တော်နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေနဲ့ နေ့စဥ်လိုလို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေသေဆုံး၊ဒဏ်ရာရနေကြပါတယ်။








