Border News Agency
ရွှေဘို၊ ဇန်နဝါရီ ၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးသွားတယ်လို့ Peoples Defense Comrade (PDC) က ဇန်နဝါရီလ ၂၆ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီရွှေဘိုနယ် အရှေ့တောင်ခြမ်းတနေရာကို စစ်ကော်မရှင်တပ်ဟာ ဒီနေ့နေ့လယ် ၁ နာရီ ၄၇ မိနစ်အချိန်ခန့်က တံတားဦးလေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီရွှေဘိုနယ်အရှေ့တောင်ခြမ်း၊ ငါးပိအိုးကျေးရွာကို ဒီနေ့၊ နေ့လယ် ၁၂ နာရီ ၃၇ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်ဟာ စာသင်ကျောင်းကိုစစ်ရေးပစ်မှတ်မဟုတ်ပဲ တံတားဦးလေတပ်မှ Yak – 130 ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ငါးပိအိုးကျေးရွာနေ ကလေးတဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လူနေအိမ်ခုနှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။






