Border News Agency
မော်လိုက်၊ ဖေဖော်ဝါရီ ၄။
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်းရှိ PDF ရဲဘော်တွေနဲ့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ အမှတ် ၃ တပ်ရင်းက ဖေဖောဝါရီလ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကို တတ်စွမ်သလောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအခမ်းအနားမှာ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး အမျှအတန်းပေးဝေတာနဲ့ ဆုတောင်းပေးတာတွေပြုလုပ်ခဲ့သလို ဧည့်ခံကျွေးမွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီထဲကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း ကျဆုံးသွားတဲ့အာဇာနည်တွေကို အစဉ်သတိရဦးညွှတ်နေမှာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကတိပြုထားပါတယ်။














