ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်၊မနေ့ကဖမ်းဆီးလိုက်ပါတယ်။
အဲဒီအသက်လေးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဒုက္ခသည်စခန်းအမှတ် ၁ မှာ ဝင်ရောက်စီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ့်သတင်းဌာနတွေမှာဖော်ပြပါတယ်။
သူ့ကို ဖမ်းဆီးစဉ်အတွင်း နိုင်ငံခြားဖြစ် ပစ္စတိုတစ်လက်နဲ့ကျည်ဆန်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ARSA ထိပ်သီးခေါင်းဆောင် အဘူအမ္မာဂျူနူနီရဲ့ အနီးကပ်လူယုံတော်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခဒေသတွင်းမှာအကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အဓိကတာဝန်ရှိသူတဦး ဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်သမားဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်အတွင်းက မူဆလင်ခေါင်းဆောင် မာစတာမူဟီဘူလာကို သတ်ဖြတ်မှု၊ကျောင်းဆရာနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ မက်ဒရဆာကျောင်းအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူလို့ ဆိုပါတယ်။
အဲဒီ ARSA တပ်မှူးကို အုခီယာရဲစခန်းဆီ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။






