Border News Agency
ရနောင်း၊ဇူလိုင် ၈။
ထိုင်းနိုင်ငံ၊ရနောင်းခရိုင်မှာဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၁၂ ဦးကို ဇူလိုင်လ ၇ ရက်နေ့ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံကို လွှဲပေး လိုက်ပါတယ်။
အဲဒီလုပ်သားတွေကို ရနောင်းမြို့ အကောက်ခွန်ဆိပ်ကမ်းမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ပေါင်းလွှဲပေးတာဖြစ်ပြီးအမျိုးသား ၈၇ ဦးနဲ့အမျိုးသမီး ၂၅ ဦး ပါ ဝင်ပါတယ်။
သူတို့ကို ရနောင်း-ကော့သောင်း ရေကြောင်းလမ်းကတဆင့်ပြန်ပို့ပေးခဲ့တာပါ။
သူတို့ဟာ ထိုင်းနိုင်ငံအတွင်း ဥပဒေချိုးဖောက်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပေမယ့် ပြစ်ဒဏ်ပြီးသွားလို့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီအပြင် ဇူလိုင်လ ၂ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၉၅ ဦးကို နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။










