Border News Agency
သံတောင်၊ ဖေဖော်ဝါရီ ၁၇။
ကေအဲန်ယူ တောအူးခရိုင်၊ ဒေါ်ဖားခို (သံတောင်) မြို့နယ်ထဲက ကွင်းချောင်းကျေးရွာအတွင်းကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ကွင်းချောင်းကျေးရွာအတွင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် ဒရုန်းဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးသီးကြောင့် ကျေးရွာအတွင်းရှိနေအိမ်တွေအမိုးနဲ့ နံရံတွေပျက်စီးသွားခဲ့ရသလို အနီးအနားကပြည်သူပိုင်ပစ္စည်းတချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။
အဲဒီတောအူးခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေအပြင်လက်နက်ကြီးတွေနဲ့ပါ မကြာခဏပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အဲဒီလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်ပြီး နေထိုင်နေကြရပါတယ်။
















