ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
အဲဒီလို တွေ့ဆုံရာမှာမြန်မာနိုင်ငံအတွင်း ဆက်လက်ဆောင်ရွက်မယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုအတွင်းမှာတော့ Dr. Thushara Fernando ရဲ့ မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း WHO နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ရှေ့ဆက်ပြီးဆောင်ရွက်သွားမယ့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ဟာ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မှု သက်တမ်းပြီးဆုံးပြီဖြစ်တာကြောင့် ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။






