Border News Agency
ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ စျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးသွားပြီးဒဏ်ရာရသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
အဲဒီယိုးငူကျေးရွာရှိ ဈေးအနီးနဲ့ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။











