Border News Agency
အမေရိကန်၊ မတ် ၂။
Operation Epic Fury စစ်ဆင်ရေးအတွင်းမှာ အမေရိကန်စစ်သည် ၃ ဦး ကျဆုံးခဲ့ရပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM)က မတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် တခြားစစ်သည်တချို့လည်း ဗုံးစထိမှန်တာနဲ့ ဦးနှောက်တုန်ခါတာမျိုးတွေလို ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြပေမယ့် လက်ရှိမှာတော့ တာဝန်ပြန်ထမ်းဆောင်ဖို့ ပြင်ဆင်နေကြပြီ လို့ဆိုပါတယ်။
အခုအခါမှာ အဓိကတိုက်ခိုက်ရေးစစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး တုံ့ပြန်မှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။
အခြေအနေတွေဟာ အပြောင်းအလဲ မြန်နေတာကြောင့် ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို လေးစားတဲ့အနေနဲ့ သူတို့ရဲ့ အမည်နဲ့ အချက်အလက်တွေကိုတော့ မိသားစုဝင်တွေထံ အကြောင်းကြားပြီး ၂၄ နာရီကြာမှသာ ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
CENTCOMအနေနဲ့ ဒီစစ်ဆင်ရေးကို အရှိန်အဟုန်နဲ့ ဆက်လက်ဖော်ဆောင်နေပြီး ဒေသတွင်း စစ်ရေးအခြေအနေတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းနေတယ်လို့ သိရပါတယ်။






