Border News Agency
ဘန်ကောက်၊စက်တင်ဘာ၂၄။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Asok ဧရိယာ Sukhumvit Soi 3မှာ စက်တင်ဘာလ ၂၄ရက်၊ ဒီနေ့မနက်ပိုင်းက မြန်မာအမျိုးသားတဦး စိတ်လွတ်ပြီးလမ်းသွားလမ်းလာတွေကို ဓားနဲ့ရမ်းခုတ်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူ မြန်မာအမျိုးသားဟာ ဇနီးဖြစ်သူကိုလိုက်လံရှာဖွေရာကနေမတွေ့တာကြောင့် ဒေါသထွက်ကာအခုလိုကျူးလွန်ခဲ့တာဖြစ်ပြီး လမ်းဘေးဈေးဆိုင်တွေနဲ့ ဆိုင်ခန်းတွေကိုပါ ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီရမ်းခုတ်မှုကြောင့် ဆံပင်ညှပ်ဆိုင်၊ ကော်ဖီဆိုင်၊ဝက်ကင်ဆိုင်၊ မီးဆိုင်းဆိုင်နဲ့ထမင်းဟင်းရောင်းတဲ့ ဆိုင်တွေဖျက်ဆီးခံခဲ့ရပြီး ကော်ဖီဆိုင်ဝန်ထမ်းတဦးမှာ ခေါင်းမှာဓားဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်။
ဒေသခံဈေးသည်တွေကတော့ သူတို့ရဲ့လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး ရဲတပ်ဖွဲ့အနေနဲ့လုံခြုံရေးပိုမိုတင်းကျပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးသက်သေခံပစ္စည်းတွေ သိမ်းဆည်းကာဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။











