Border News Agency
အီရန်၊ မတ် ၃။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ဖြစ်နေတဲ့စစ်ပွဲမှာ လိုအပ်လာမယ်ဆိုရင် မြေပြင်တပ်တွေပါစေလွှတ်ပြီး တိုက်ခိုက်ဖို့အစီအစဉ်ရှိတယ်လို့ New York Times သတင်းစာကို မနေ့ကပြောဆိုလိုက်ပါတယ်။
“လိုအပ်ရင်တော့ လုပ်ရမှာပဲ” ဆိုပြီး သူက ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောလာတာပါ။
အခုလောလောဆယ်မှာ အမေရိကန်နဲ့ အစ္စရေးကအီရန်မြို့တော်တဟီရန်ကို ဗုံးတွေနဲ့အပြင်းအထန်ကြဲနေပေမဲ့ အီရန်ရဲ့ ဒုံးကျည်စခန်းတွေကို အမြစ်ပြတ်အောင်လုပ်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတင် မလုံလောက်ဘူးဆိုရင် မြေပြင်ကနေ ကျူးကျော်ဝင်ရောက်ဖို့အထိ ထရန့်ကပြင်ထားတာဖြစ်ပါတယ်။
သမ္မတထရန့်က “ကျွန်တော်တို့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် ဘယ်လိုနည်းလမ်းမျိုးကိုမဆို သုံးဖို့အသင့်ပဲ”လို့ ဆိုထားတာကြောင့် အီရန်မြေပေါ်မှာ မြေပြင်စစ်ပွဲကြီးတကယ်ဖြစ်လာတော့မလားဆိုပြီး အားလုံးကစိုးရိမ်နေကြပါတယ်။
အမေရိကန်စစ်တပ်ဘက်ကလည်း အရှေ့အလယ်ပိုင်းကစခန်းတွေမှာ အင်အားတွေဆက်တိုက်ဖြည့်နေတယ်လို့ သိရပါတယ်။
တကယ်လို့ အမေရိကန်မြေပြင်တပ်တွေသာ အီရန်ထဲတကယ်ဝင်သွားမယ်ဆိုရင်တော့ ဒါဟာဆယ်စုနှစ်အတွင်း အကြီးမားဆုံး စစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ဆိုကြပါတယ်။
အီရန်ဘက်ကလည်း သူတို့နိုင်ငံထဲခြေတလှမ်း လှမ်းဝင်လာတာနဲ့ အပြင်းအထန် ပြန်တိုက်မယ်လို့ ကြိမ်းဝါးထားတာကြော
င့် အခြေအနေ တော်တော်လေးကို တင်းမာနေတာပါ။
အိမ်ဖြူတော်နဲ့စစ်ဌာနချုပ်တို့ကတော့ ဒီမြေပြင်စစ်ဆင်ရေးအတွက် ဗျူဟာတွေကိုအသေးစိတ်တိုင်ပင်နေကြပြီလို့ သတင်းတွေ ထွက်နေပါတယ်။
သမ္မတထရန့်ရဲ့ဒီစကားဟာ အီရန်အစိုးရကိုအတော်လေးအကျပ်ရိုက်စေမယ့် အနေအထားမှာရှိနေတယ်လို့ဆိုပါတယ်။






