Border News Agency
မကွေး၊ မတ် ၁၀။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ဦး သေဆုံးသွားတယ်လို့ ယောအလင်းတန်းမှ မတ်လ ၁၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီယောဒေသ၊ထီးလင်းမြို့နယ်အရှေ့ခြမ်းကကျေးရွာတရွာကို မတ်လ ၁၀ ရက်နေ့၊ဒီနေ့လည် ၁ နာရီ ၃၂ မိနစ်အချိန်ခန့်က တံတားဦးလေတပ်ကပျံသန်းလာတဲ့ A- 5 Bomber Jet တစီးမှ လာရောက်တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတောင်ဖက်ပိုင်းမှာကျရောက်ပေါက်ကွဲလို့ အရပ်သား ၂ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးဒဏ်ရာကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး ဦးခေါင်းပြတ်ဒဏ်ရာနဲ့သေဆုံးသွားခဲ့သလို အသက် ၂၂ နှစ် အရွယ်အမျိုးသမီး တဦးလည်းသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးဗုံးပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းက လူနေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ရပြီး အဆောက်အဦးသုံးလုံးပျက်စီးးသွားတယ်လို့လည်း ဆိုပါတယ်။














