Border News Agency
အီရန်၊ မတ် ၁၅။
အီရန်နိုင်ငံ၊ ဟာမီဒန်ပြည်နယ်ရှိ စက်မှုဇုန်တခုအတွင်းက ကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို မတ်လ ၁၄ ရက်နေ့က အမေရိကန်နဲ့အစ္စရေးတို့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အီရန်သတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သိုလှောင်ရုံအတွင်းရှိတဲ့ ကလေးနို့မှုန့်နဲ့ဆေးဝါးတွေအားလုံးလုံးဝပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အနီးအနားမှာရှိတဲ့စက်ရုံပေါင်း ၁၅ ရုံလောက်လည်း ပေါက်ကွဲမှုဒဏ်ကြောင့် အဆောက်အအုံနဲ့ ထုတ်လုပ်မှုပိုင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးဘက်ကတော့ တစုံတရာ အတည်ပြုထုတ်ပြန်တာမရှိသေးသလို လူအသေအပျောက်ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်နဲ့အမေရိကန်၊အစ္စရေးတို့ကြား စစ်ရေးတင်းမာမှုတွေဟာ အီရန်နိုင်ငံအတွင်းပိုင်းကလူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေရှိတဲ့နေရာတွေအထိ ကူးစက်လာတာကို တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံအတွင်း ကလေးငယ်တွေအတွက် လိုအပ်တဲ့ နို့မှုန့်နဲ့ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်လာမှာကို လူသားချင်းစာနာမှု အကူအညီပေးနေသူတွေက စိုးရိမ်နေကြပါတယ်။












