Border News Agency
နေပြည်တော်၊ မေ ၂။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးပြန်လွတ်လာဖို့ မျှော်လင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁ ရက်နေ့ထုတ်ပြန်ပါတယ်။
သမ္မတဦးဝင်းမြင့်လွတ်မြောက်လာတာနဲ့ဒေါ်အောင်ဆန်းစုကြည်ကို နေအိအကျယ်ချုပ် ပြောင်းလိုက်တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပေမယ့် အခြေအနေတွေတိုးတက်လာဖို့ ဂျပန်အစိုးရအနီးကပ်စောင့်ကြည့်နေတာပါ။
မြန်မာ့အရေးမှာ အကြမ်းဖက်မှုတွေ အမြန်ဆုံးချုပ်ငြိမ်းပြီး သက်ဆိုင်သူတွေကြား ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ပေါ် ပေါက်လာဖို့ကိုလည်း အစဉ်တစိုက် တွ န်းအားပေးနေတယ်လို့ ဂျပန်ကဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကတော့ နေအိမ်ပြောင်းရုံနဲ့ မလုံလောက်ဘဲ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်တောင်းဆိုနေကြပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kitamura Toshihiro ကတော့ မြန်မာ့အရေး တိုးတက်လာဖို့အတွက် ဂျပန်နိုင်ငံအနေနဲ့ အစွမ်းကုန် ဆက်ကူညီသွားမယ်လို့ ဆိုပါတယ်။






