Border News Agency
ရေစကြို၊ မေ ၂။
မကွေးဒေသ၊ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၇ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Southern YSO PDF ကထုတ်ပြန်ပါတယ်။
အဲဒီရေစကြိုမြို့နယ်၊တောင်အိုစစ်ဆေးရေးဂိတ်ကို ဧပြီလ ၃၀ ရက်၊နေ့လည် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် တောင်အိုဂိတ်မှဗိုလ်တဦးပါအဝင် ရဲ ၆ ဦးနဲ့ ခလရ – ၂၅၈ မှ တပ်သားတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဘက်မှ G3 ၂ လက်၊ MA3 ၁လက်၊ MA13 တလက်၊ ခြောက်လုံးပြူး ၁လက်၊ G3 ကျည်ဘောက် ၄ ခု၊ MA13 ကျည်ဘောက် ၂ ခု၊ ဖုန်း ၄ လုံး၊ ဓား ၁ချောင်း၊ ခါးပတ် ၂ချောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းမှပြန်လာတဲ့ အရပ်သား ၁ဦးကျည်ထိမှန်ပြီး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ရဲ့လုပ်ဆောင်မှုမှာ မတော်တဆပြည်သူထိခိုက်ခဲ့တဲ့အတွက် တပ်ဖွဲ့ တာဝန်ခံ ကိုအောင်မောင်းနဲ့အတူ Southern တပ်ပေါင်းစုတရပ်လုံးမှ တာဝန်ယူစွာနဲ့ အလေးအနက် တောင်းပန်အပ်တယ်လို့ လို့ဆိုပါတယ်။






